လွိုင်ကော်  ၁၀   နိုဝင်ဘာ 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ မဲဆန္ဒနယ် (၄) နေရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)မှ အနိုင်ရရှိကြောင်း ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် နိုဝင်ဘာ ၉ ရက်က ကပ်ထားကြေညာထားသည်။

အဆိုပါအနိုင်ရရှိသော ကိုယ်စားလှယ်(၄)ဦး၏ မဲအရေအတွက်အနေဖြင့် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်မှ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း ဦးသန်းလင်းလင်း က (၂၂၁၁)မဲ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅)အတွက် ကိုယ်စားလှယ်လောင်း ဦးစိုင်းပန်ဖ က (၂၃၃၁)မဲ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)အတွက် ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဦး က (၉၈၇)မဲ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) အတွက် ကိုယ်စားလှယ်လောင်း ဦးအယ်လ်ဖောင်းရှို က (၁၄၁၉)မဲတို့ဖြင့် အနိုင်ရရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှာ ကပ်ထားကြေညာထားချက်အရ သိရသည်။

ကယားပြည်နယ်အတွင်း အနိုင်ရရှိသော ကျန်ရှိသည့်ကိုယ်စားလှယ် အမည်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ကြေညာပြီးသည်နှင့်တစ်ပြိုင်နက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ကြော်ငြာဘုတ်တွင် ကပ်ထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ထွန်းလေး (ပြန်/ဆက်)