ဖိလစ်ပိုင် စီးပွားရေး တတိယ သုံးလပတ်မှာ ၁၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်း

၁၀ နိုဝင်ဘာ

ဖိလစ်ပိုင်နိုင်ငံရဲ့ စီးပွားရေးဟာ တတိယသုံးလပတ် ( ဇူလိုင် - စက်တင်ဘာ) အတွင်း ၁၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဒီနေ့ (အင်္ဂါနေ့) မှာ အစိုးရက ထုတ်ပြန်ကြေညာပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် နိုင်ငံတွင်းက စီးပွားရေးလုပ်ငန်းတွေလည်ပတ်မှု တားမြစ်ခဲ့ရာမှ တဖြည်းဖြည်းနဲ့ ပြန်လည်လည်ပတ်ခွင့် ပေးနေတာကို တွေ့ရပါတယ်။ 

ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် အသွားအလာကန့်သတ်မှုတွေကို သမ္မတ ဒူတာတေးက မတ်လကစပြီး အမိန့်ထုတ်ပြန်ထားခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ စီးပွားရေဟာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆုံး ကျဆင်းမှုနဲ့ ရင်ဆိုင်ရတဲ့အတွက် လူအများအပြား ဆင်းရဲတွင်းကို တွန်းပို့သလို ဖြစ်ခဲ့ပါတယ်။ 

တတိယသုံးလပတ် နိုင်ငံရဲ့ GDP မှာ ၁၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းကြောင်း အဲဒီပမာဏဟာ စီးပွားရေး ပညာရှင်တွေ သုတေသနပြု ခန့်မှန်းထားတဲ့ ၉ ဒသမ ၆ ရာခိုင်နှုန်းထက် ပိုများကြောင်း သိရပါတယ်။ 

ဗိုင်းရပ်စ်ပိုး ကူးစက်နေမှုကြောင့် နိုင်ငံတွင်းမှာ သုံးစွဲမှု ၉ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းနေကြောင်း၊ သုံးစွဲမှုကျဆင်းနေတဲ့အတွက် စားသောက်ဆိုင်နဲ့ ဈေးဆိုင်ပါင်း ၄၀၀,၀၀၀ နီးပါး ဆိုးကျိုး သက်ရောက်နေကြောင်း နဲ့ ၂၀၂၁ ခုနှစ်မှာ စီးပွားရေး ပြန်လည်တိုးတက်မယ့် လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နေရကြောင်း လူမှုစီးပွားစီမံကိန်းဝန်ကြီး က ပြောပါတယ်။ 

MDN
ကိုးကား - AFP