နေပြည်တော် ၁၀ နိုဝင်ဘာ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှ စ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲ မှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
ယခုအခါ အပတ်စဉ် ဗုဒ္ဓဟူးနေ့၊ ညနေ ၆ နာရီခွဲတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူများနှင့် ဆွေးနွေးမေးမြန်းခန်းကို ထုတ်လွှင့်ရန် စီစဉ်ဆောင်ရွက်လျက် ရှိရာ နိုဝင်ဘာ ၁၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူများ ဖြစ်ကြသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကိုကိုထွန်း၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ ဒေါက်တာ ထက်ဇော်လင်း၊ လမ်းမတော်မြို့နယ်မှ ဦးအောင်မြင့်တို့၏ ကိုဗစ်-၁၉ ရောဂါနှင့် ရင်ဆိုင်ကျော်လွှားခဲ့ရပုံများအကြောင်း ဆွေးနွေးခန်း အစီအစဉ်ကို ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


