ဆောမြို့ ၁၁ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်း ကျေးရွာ(၂)ရွာ၌ ကျေးလက်နေ ပြည်သူများ စိုက်ပျိုးသီးနှံများ ကုန်ထုတ်လုပ်မှုအတွက် လွယ်ကူစေရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုငွေကျပ် ၅၁.၃ သန်းဖြင့် ကျေးလက် ကုန်ထုတ်လမ်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြင်လယ်ကျေးရွာ ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်း ကျောက်ရော မြေခင်းခြင်းနှင့် (၀/၄ မိုင်x၁၂'x၁'-၀")၊ မြေနီကျောက်စရစ်ခင်းခြင်း (၀/၄ မိုင်x၁၂'x၀'-၉")၊ Box Culvert (၂)စင်း (၁၈'x ၆' x ၆') နှင့် သလယ်ကျေးရွာ ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်း ကျောက်ရောမြေခင်းခြင်းနှင့် (၁/၀ မိုင်x၁၂'x၁'-၀")၊ မြေနီကျောက်စရစ်ခင်းခြင်း  (၁/၀ မိုင်x၁၂'x၀'-၉")၊ Box Culvert (၃)စင်း (၁၈'x ၆' x ၆') စသည့် ကုန်ထုတ်လမ်း၊ တံတား လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက  ကျေးရွာ(၂)ရွာမှ အိမ်ခြေ (၁၈၂)အိမ်၊ လူဦးရေ (၉၀၉) ဦးတို့၏ ကုန်ထုတ်လုပ်ငန်းများအတွက် အကျိုးပြုမည်ဖြစ်ကြောင်း ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းလင်းထံမှ သိရသည်။

 

နော်သူလင်း(ဆော)