တီးတိန် ၁၁ နိုဝင်ဘာ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ ကျေးရွာ (၆)ရွာ၌ မတည်ရန်ပုံငွေစီမံကိန်း (VRFP) လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ပုံစံသုံးမျိုးခွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ရာ ဆိုင်းဇံကျေးရွာတွင် ပုံစံ - ၁ (ကျပ် သိန်းသုံးရာ)မတည်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွင် မိုးနှောင်းအချိန် နေကြာစိုက်ပျိုးခြင်း လုပ်ငန်းသည် အထူးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဆိုင်ဇံကျေးရွာတွင် မတည်ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူ (၁၁)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၈၇)ဦး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်း ကျောင်းလုပ်ကိုင်သူ(၁၂)ဦး၊ စုစုပေါင်းအသင်းဝင် (၁၁၀) ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကျိန်ရှင်းနဲမ်းထံမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)


