နမ္မတူ ၁၁ နိုဝင်ဘာ
နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပ ပြီးစီးပြီ ဖြစ်သဖြင့် အထွေထွေရွေးကောက်ပွဲရလာဒ်များ ထုတ်ပြန်ကြေညာနိုင်ရေးအတွက် အတည်ပြု လက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာ(၁၀)ရက် ညနေ (၅)နာရီခွဲခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် နမ္မတူမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မြို့မိမြို့ဖများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် အများပြည်သူ အသိ သက်သေများက ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ အထွေထွေရွေးကောက်ပွဲရလာဒ်များ ထုတ်ပြန်ကြေညာ နိုင်ရေးအတွက် ပုံစံ (၁၉)နှင့် ပုံစံ (၁၉-က)တို့တွင် အတည်ပြုလက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရှိရပါသည်။
လူမော် (ပြန်/ဆက်)


