ကျောက်ဆည် ၁၁ နိုင်ဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ Sports အားကစားမဂ္ဂဇင်းနှင့် ဂျာနယ်စာစောင်(၇၀)ကို ယနေ့နံနက်(၁၁)နာရီခွဲက မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဒေါ်မြမင်းမင်းမူက လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
စာအုပ်စာစောင်များလှူဒါန်းရာတွင် တစ်အုပ်လျှင်ငွေကျပ်(၃၀၀၀) တန်ဖိုးရှိ Sports အားကစား မဂ္ဂဇင်း(၃၅) အုပ်နှင့် အားကစား ဂျာနယ်မျိုးစုံ(၃၅)စောင်ကိုလှူဒါန်းခဲ့ပြီး ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ စာပေလာရောက်လေ့လာဖတ်ရှုသည့် ပြည်သူများ အားကစားစာပေများ ဖတ်ရှုလေ့လာပြီး အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့်ပြည်သူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန်အတွက် လာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများဗဟုသုမျိုးစုံ ရရှိစေရေး သုတ/ ရသ စာအုပ်မျိုးစုံ၊ မဂ္ဂဇင်းမျိုးစုံ၊ စာစောင်မျိုးစုံနှင့် ကဗျာ၊ ကာတွန်း စသည့် ကလေးစာပေးမျိုးစုံ ထားရှိပေးထားကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


