ကြာအင်းဆိပ်ကြီး ၁၁ နိုဝင်ဘာ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၏ ဆန္ဒမဲရလဒ်များအား ထုတ်ပြန်ကြေညာနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များ အသိအမှတ်ပြုလက်မှတ်ရေးထိုးခြင်းကို ယနေ့နံနက် ၁၁ နာရီက ဇမိခန်းမအတွင်း၌ ပြုလုပ်သည်။
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၏ရလဒ်များ ထုတ်ပြန်ကြေညာနိုင်ရေးအတွက် အသိအမှတ်ပြု လက်မှတ်ရေးထိုးပွဲသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်လွင်နှင့် အဖွဲ့ဝင်များ နိုင်ငံရေးပါတီအသီးသီးမှကိုယ်စားလှယ်များ ပြည်သူများတက်ရောက်၍ အသိသက်သေပြု လက်မှတ်ရေးထိုးကြသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာ(၈)ရက်က ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံရေးပါတီများမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် လွှတ်တော်ကိုယ်စားလှယ်(၅)ဦး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၃)အတွက်(၅)ဦး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၄)မှ(၅)ဦး ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)အတွက် (၅)ဦး ပြည်နယ်လွှတော် မဲဆန္ဒနယ်အမှတ်(၂)အတွက် (၅)ဦး ဗမာတိုင်းရင်းသားလူမျိုးများ လွှတ်တော် ကိုယ်စားလှယ်(၉)ဦး မွန်တိုင်းရင်းသားလူမျိုးများ လွှတ်တော်ကိုယ်စားလှယ်အတွက်(၇)ဦး ပအို့ဝ်တိုင်းရင်းသားလူမျိုးများ လွှတ်တော်ကိုယ်စားလှယ်အတွက်(၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး ပြန်/ဆက်


