လှိုင်းဘွဲ     ၁၁      နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သော ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ပေါ် (၄) ရပ်ကွက်၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစောချစ်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် လှိုင်းဘွဲမြို့ပေါ်(၄)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် တစ်အိမ်ထောင်စုလျှင် ကျပ်(၂၀ဝ၀ဝ)နှုန်းဖြင့် လိုက်လံ ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

 

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၈၅)အုပ်စုရှိ အိမ်ထောင်စုပေါင်း (၁၇၉၉၀)စု တို့အတွက် အိမ်ထောင်စုတစ်စုလျှင် ကျပ် (၂၀ဝ၀ဝ)နှုန်းဖြင့် စုစုပေါင်း (၃၅၉၈၀ဝ၀ဝ၀) ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက  ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ အိမ်ထောင်စု ဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စု များအတွက် မဟာသင်္ကနြ်ကာလအတွင်း အခြေခံစားသောက်ကုန်(၅)မျိုးကို ဧပြီလ(၁၀)ရက်နေ့မှစတင်၍ လည်းကောင်း၊ ဒုတိယအကြိမ်ထောက်ပံ့ငွေကို ဇူလိုင်(၂၈)ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ် ထောက်ပံ့ငွေကို ဩဂုတ်(၁၈)ရက်နေ့တွင်လည်းကောင်း၊ စတုတ္ထအကြိမ် ထောက်ပံ့ငွေကို စက်တင်ဘာလ (၁၈)ရက်နေ့တွင် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုထောက်ပံ့ပေးခြင်းသည် ပဉ္စမအကြိမ်မြောက် ထပ်မံထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)