mdn

ရန်ကုန် ၁၁ နိုဝင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီးတွင် နိုဝင်ဘာ ရက်က ကျင်းပပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲရလဒ်များကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲရုံးတွင် ဆက်လက်ထုတ်ပြန် ကြေညာသည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှ ဝင်ရောက်အရွေးခံသည့် ကိုယ်စားလှယ်လောင်းများ၏ ဆန္ဒမဲရလဒ်များကို ထုတ်ပြန်ကြေညာသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်မိုးကြည်က ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်၊ ကမာရွတ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တို့မှ ပြည်သူ့လွှတ်တော်နေရာ၊ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်()နှင့် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်()နေရာတို့မှ ဝင်ရောက်အရွေးခံသည့် ကိုယ်စားလှယ်လောင်းများ၏ ဆန္ဒမဲရလဒ်များကို ထုတ်ပြန်ကြေညာသည်။

 

ဆက်လက်၍ ညနေ ရီတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဦးစန်းမြင့်အောင်က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်နှင့် ထန်းတစ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတို့မှ ဝင်ရောက်အရွေးခံသည့် ကိုယ်စားလှယ်လောင်းများ၏ ဆန္ဒမဲရလဒ်များကို ထုတ်ပြန်ကြေညာသည်။

 

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်မှ ဆန္ဒမဲရလဒ်များကို နိုဝင်ဘာ ရက်နှင့် ၁ဝ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး လသာ၊ ဗိုလ်တထောင်၊ ကော့မှူး၊ ကိုကိုးကျွန်း၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ဒေါပုံ၊ ပုစွန်တောင်၊ စမ်းချောင်း၊ အလုံနှင့် ဒဂုံမြို့နယ်မှ ဝင်ရောက်အရွေးခံသည့် ပြည်သူ့လွှတ်တော်နေရာနှင့် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်()နှင့် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်()နေရာတို့မှ ကိုယ်စားလှယ်လောင်းများ၏ ဆန္ဒမဲရလဒ်များကို ထုတ်ပြန်ကြေညာပြီး ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၆၁)သိန်းကျော်ရှိပြီး ကြိုတင်ဆန္ဒမဲပေးသူဦးရေ ရှစ်သိန်းကျော်ရှိကြောင်း၊ ပါတီပေါင်း(၄၂)ပါတီနှင့် တစ်သီးပုဂ္ဂလ (၃၂)ဦးတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၈၀၁)ဦးက ပြည်သူ့လွှတ်တော် (၄၅)နေရာ၊ အမျိုးသားလွတ်တော် (၁၂)နေရာ၊ တိုင်းဒေသကြီးလွှတ်တော် (၉၀)နေရာနှင့် တိုင်းရင်းသား ()နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ထုတ်ပြန်ချက်အရ သိရသည်။

 

သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ရဲထွဋ်

 

mdn