၁၁ နိုဝင်ဘာ
ကျူးဘားနိုင်ငံရဲ့ အဓိက နိုင်ငံတကာ လေဆိပ်ဖြစ်တဲ့ ဟာဗားနား လေဆိပ်ကို လာမယ့် တနင်္ဂနွေနေ့က စပြီး ပြန်လည် လည်ပတ်မယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါပိုး ကူးစက်ပျံ့နှံ့နေတဲ့အတွက် လေဆိပ်ကို ၈ လနီးပါး ပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ကျူးဘာနိုင်ငံဟာ အမေရိကန်နိုင်ငံ ပိတ်ဆို့မှုနဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ခရီးသွားလုပ်ငန်းတွေမှ ဝင်ငွေကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
လေဆိပ်ကို ရောက်ရှိလာမယ့် သူတွေကို အပူချိန်တိုင်းတာခြင်းနဲ့ ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်းတွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး စစ်ဆေးထားတဲ့ အဖြေဟာ ၂၄ နာရီအတွင်း ရရှိမှာဖြစ်ပြီး အဖြေမရမခြင်း လွတ်လပ်စွာ သွားလာခွင့်မရှိကြောင်း သိရပါယ်။
ဗိုင်းရပ်စ်ပိုး စစ်ဆေးမှု ဒုတိယအကြိမ်ကို ပထမအဖြေရပြီး ၅ ရက်အတွင်းမှာ ထပ်မံစစ်ဆေးရမှာ ဖြစ်ပါတယ်။ ခရီးသွားတွေကို ပိုးစစ်ဆေးမှုကို ကျန်းမာရေးဆိုင်ရာ အခွန်အနေနဲ့ ပေးရမှာ ဖြစ်ပါတယ်။
လူဦးရေ ၁၁ သန်းကျော် နေထိုင်တဲ့ ကျူးဘားနိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို သေချာစွာ ထိန်းချုပ်နိုင်ငံတဲ့ နိုင်ငံဖြစ်ပါတယ်။ ကပ်ရောဂါပိုး စတင်ချိန်ကစပြီး အခုချိန်အထိ ပိုးတွေ့ရှိသူ ၇,၃၉၂ ဦးနဲ့ သေဆုံးသူ ၁၃၀ သာရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP