mdn

 

၁၁ နိုဝင်ဘာ

 

အမေရိကန် မဟာမိတ်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် အား အင်္ဂါနေ့က ဖုန်းဆက်ပြီး ဂုဏ်ပြုစကားတွေပြောကြားသလို အလုပ်အတူလုပ်ဖို့ ဆန္ဒရှိကြောင်း ပြောကြားကြပါတယ်။ အဲဒီလို ဂုဏ်ပြုစကားတွေ ပြောကြားနေချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုဟာ ဒေါ်နယ်ထရမ့် ဟာ ဆက်လက် အာဏာရှိနေမယ်လို့ ပြောကြားလိုက်ပါတယ်။

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာကယ်တို့ ဖုန်းဆက်ပြီး ဂျိုးဘိုင်ဒန် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း စကားတွေ ပြောကြားကြပါတယ်။

 

ရွေးကောက်ခံသမ္မတ ဘိုင်ဒန်က သတင်းထောက်တွေအား ဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောလာကြတဲ့ နိုင်ငံခေါင်းဆောင်တွေ အမေရိကန်ပြန်လာပြီ။ အားလုံးပူးပေါင်း လုပ်ဆောင်သွားမယ်။ အမေရိကန်က တစ်ယောက်တည်းမဟုတ်ကြောင်း ပြောကြားပါတယ်။

 

ရွေးကောက်ခံသမ္မတက ဉရောပနိုင်ငံတွေနဲ့အတူ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တိုက်ဖျက်ရေးနဲ့ ရာသီဉတုပြောင်းလဲဆိုင်ရာ ကိစ္စတွေဟာ ပူးပေါင်းလုပ်ဆောင်မယ့် အကြောင်းအရာတွေထဲမှာ ပါရှိကြောင်း သိရပါတယ်။

 

ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင် က ဘိုင်ဒန်နဲ့ မိနစ် ၂၀ ကြာ ဖုန်းပြောအပြီး ကပ်ရောဂါနောက်ပိုင်း တည်ဆောက်ရေးတွေ ပိုမိုလုပ်ဆောင်မယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။

 

ထရမ့်ရဲ့ အနီးကပ် မဟာမိတ်တွေဖြစ်တဲ့ အစ္စရေး ဝန်ကြီးချုပ်နဲ့ ဆော်ဒီမင်းသားတို့ကလည်း ဘိုင်ဒန်ကို ဂုဏ်ပြုစကားတွေ ပြောဆိုခဲ့ပေမယ့် ရုရှား၊ တရုတ်၊ မက္ကဆီကို၊ ဘရာဇီးနိုင်ငံနဲ့ တခြား နိုင်ငံခြားအချို့ကတော့ ဘိုင်ဒန်ကို ဂုဏ်ပြုစကားပြောဆိုခြင်း မရှိသေးတာကို တွေ့ရပါတယ်။

 

ထရမ့် ကတော့ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုကို အသိအမှတ်ပြုရန် ငြင်းဆန်ပြီး မဲမသမာမှု ရှိနေတဲ့အတွက် တရားဉပဒေအရ ရင်ဆိုင်မယ်လို့ ဆိုနေပါတယ်။

 

အလားတူ ထရမ့်ရဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း အာဏာလွှဲပြောင်းရေးဟာ ချောချောမွေ့မွေ့နဲ့ ထရမ့် အစိုးရအား ဒုတိယအကြိမ် အုပ်ချုပ်ခွင့်ကို ပေးသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

 

MDN

ကိုးကား - AFP