နေပြည်တော် ၁၁ နိုဝင်ဘာ
ရန်ကုန်တက္ကသိုလ်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဖွဲ့ တေးသီချင်း အပုဒ် (၁၀၀) ကို အပတ်စဉ် သောကြာနေ့တိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်မည်ဖြစ်ရာ နိုဝင်ဘာ ၁၃ ရက် ညတွင် ပွဲစဉ် (၅)အဖြစ် LUCKY HAND , THE TREES တေးဂီတအဖွဲ့တို့နှင့် အတူ တေးသံရှင် စိန်ဝင်းထွန်း၊ အက်စ်ကဲနက်၊ ဂျေမောင်မောင်၊ ဖြိုးကြီး၊ ဇော်ပိုင်၊ ဖိုးကာ၊ ကျော်သီဟ၊ စောလားထော်ဝါး၊ သန်းသန်းနွယ်၊ ယုဇန၊ ရတနာမိုင်၊ ကေကေမိုး၊ ဝတ်ရည်ထက်၊ ဖူးဖူးသစ်တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။
အဆိုပါတင်ဆက်ခဲ့မှုကို နိုဝင်ဘာ ၁၅ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသမည် ဖြစ်ပါကြောင်း သိရသည်။
သတင်းစဉ်


