၁၁ နိုဝင်ဘာ
ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီ ဟွန်ဒါ က ထုတ်လုပ်တဲ့ အဆင့် ၃ အလိုလျောက် မောင်းနိုင်တဲ့ကားအား ဈေးကွက်အတွင်း ရောင်းချခွင့်ကို ဂျပန်တာဝန်ရှိသူတွေက ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။
ဂျပန်တာဝန်ရှိသူတွေက အလိုအလျောက်မောင်းနိုင်တဲ့ကားဟာ ဈေးကွက်အတွင်းဝင်ရောက်လာမယ့် ကမ္ဘာ့ပထမဆုံး ကားလို့ ဆိုနိုင်ပါတယ်လို့ ဆက်ပြောပါတယ်။
ဟွန်ဒါက သူတို့ထုတ်လုပ်မယ့် အလိုအလျောက်မောင်းနိုင်တဲ့ ကားမှာ ယာဉ်ကြောရှုပ်ထွေးတဲ့ အခြေအနေမျိုးမှာ ကားမောင်းသူက ဝင်ရောက်မောင်းနင်နိုင်မှာ ဖြစ်ကြောင်းနဲ့ အဲဒီကားဟာ ဈေးကွက်အတွင်းကို လာမယ့်နှစ် မတ်လ မတိုင်မီ ရောက်လာမယ်လို့ ဆိုပါတယ်။
ကားထုတ်လုပ်ရေး ကုမ္ပဏီအချို့က အဆင့် ၃ အလိုလျောက်ကားကို ထုတ်လုပ်ပြီးဖြစ်ပေမယ့် နိုင်ငံတစ်ချို့မှာသာ အဲဒီကားတွေကို အသုံးပြုခွင့်နဲ့ ရောင်းချခွင့်အတွက် ဉပဒေရှိတာကို တွေ့ရပါတယ်။
ဟွန်ဒါက သူတို့ဟာ ပထမဆုံး ဈေးကွက်မှာ ရောင်းချနိုင်ရေးအတွက် အများအပြားထုတ်လုပ်ပြီး ရောင်းချနိုင်ခွင့်ရရှိတဲ့ ကုမ္ပဏီဖြစ်ကြောင်း ပြောပါတယ်။
ဂျပန်နိုင်ငံမှာ အလိုအလျောက် မောင်းနိုင်တဲ့ ကားတွေဟာ အနာဂတ်မှာ အရေးပါမှာဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အလိုအလျောက် မောင်းနိုင်တဲ့ ကား အဆင့် ၁ နဲ့ ၂ ဟာ အလိုအလျောက် ဘရိတ်စနစ်နဲ့ လမ်းကြောင်း မပြောင်းဘဲ ဆက်လက်မောင်းနင်နိုင်ခြင်း စနစ်တို့ဟာ ကားအများစုမှာ ပါရှိပြီးဖြစ်ပါတယ်။
အဆင့် ၃ အလိုအလျောက်မောင်းနင်နိုင်တဲ့ ကားတွေမှာတော့ ဘရိတ်နင်းခြင်း၊ ကားထိန်းကြောင်းခြင်း အပါအဝင် လုပ်ငန်းတွေအားလုံးကို ကားကနေ အလိုလျောက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။
MDN
ကိုးကား - AFP