ထီးလင်း ၁၂ နိုဝင်ဘာ

 

ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရ အနေဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် မြောက်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းမှစ၍ ရပ်ကွက်၊ ကျေးရွာများရှိပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါထောက်ပံ့ငွေများအား အခြေခံလူတန်းစားအိမ်ထောင်စုများ လက်ဝယ် အရောက် သွားရောက် ထောက်ပံ့ရာတွင်စနစ်တကျရှိစေရေး၊ အစိုးရကဖြန့်ဝေပေးသည့် ပမာဏအတိုင်းမှန်မှန်ကန်ကန် အပြည့်အဝရောက်ရှိစေရေး သက်ဆိုင်ရာ နယ်မြေဇုန် အလိုက် တာဝန်ခွဲဝေပေးအပ်ထားသော မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်း၍ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

 

ကိုဗစ်-၁၉ရောဂါကာလအတွင်း အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ထီးလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု(၁၉၂၅)စု အတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ၃၉၀၄၀၀၀၀  အား ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

အေလေးငယ်

 

mdn