နတ်မောက်   ၁၂  နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ ပြည်သူများသို့ ပန်ကြားလွှာများကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့က ယမန်နေ့နံနက်ပိုင်းက လှည့်လည်နှိုးဆော်၍ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် Coronavirus Disease(COVID-19)ကာကွယ် ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ တာဝန်ပေးချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့သည် တိုင်းဒေသကြီးအတွင်း (COVID-19 )ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ တာဝန်တစ်ရပ်ဖြစ်သည့် စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုလုပ်ငန်းစဉ်များနှင့် ပြည်သူများသို့ ပန်ကြားလွှာများကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တို့ကအသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သင်းသင်းဝေ(နတ်မောက်)

 

mdn