လှိုင်းဘွဲ     ၁၂     နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့သော ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က ကျေးရွာများအရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစောချစ်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း၊ ဒုတိယဦးစီးမှူး ဦးနေလင်းထက်တို့ လိုက်ပါလျက် လှိုင်းဘွဲမြို့နယ် အတွင်း  ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက်  ဒိုင်းပြကျေးရွာ အိမ်ထောင်စု(၂၈၄)စု၊ ကမော့ကချူးကျေးရွာ အိမ်ထောင်စု(၄၁၅)စု၊ ကွမ်တာကျေးရွာ အိမ်ထောင်စု (၃၇၅)စု၊ ပတ်ကျော ကျေးရွာ အိမ်ထောင်စု(၁၁၆)စု၊ ရွှေဂွန်းကျေးရွာ အိမ်ထောင်စု(၈၃၁)စု၊ သာယာကုန်းကျေးရွာ အိမ်ထောင်စု (၅၁၃)စု၊ တဝန်ဖန်ရကျေးရွာ အိမ်ထောင်စု(၉၉)စုတို့ကို တစ်အိမ်ထောင်စုလျှင် ကျပ် ၂၀ဝ၀ဝ နှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက်  လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)