ရွှေပြည်သာ   ၁၂  နိုဝင်ဘာ 

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၄၀ဝ၀ဝ)နှုန်းဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို နိုဝင်ဘာ(၁၁) ရက်နေ့ ည (၇)နာရီတွင် ရွှေပြည်သာမြို့နယ် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

 

mdn

 

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်နှင့် မြို့နယ်စီမံခန့်မှုကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး ထောက်ပံ့ကြေးငွေများအား  ၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်        ဦးဉာဏ်လင်းနှင့်    မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံပေးအပ်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု များထံထောက်ပံ့ငွေများ ဆက် လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရွှေပြည်သာမြို့နယ်တွင် အိမ်ထောင်စု (၉၁၈၉၅)အတွက် တစ်အိမ်ထောင်စုလျှင် ကျပ်(၄၀ဝ၀ဝ)နှုန်း ဖြင့်စုစုပေါင်း ငွေကျပ် (၃၆၇၅၈)သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

နေမျိုးထွန်း(ရွှေပြည်သာ)