နတ်မောက် ၁၂ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ် ထုတ်ချေးပေးခြင်းကို နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် မယ်ဇလီပင်ကျေးရွာအုပ်စု၊ မယ်ဇလီပင်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ ၌ မြို့နယ်ဦးစီးမှူးဦးဝင်းသူရနှင့် ကျေးရွာတာဝန်ခံဝန်ထမ်းများ ကြီးကြပ်မှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ စနစ်တကျထုတ်ချေးပေးကြောင်း သိရသည်။
ထိုသို့ချေးငွေထုတ်ချေးပေးရာတွင် နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝင်းသူရက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ပြီး ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မယ်ဇလီပင်ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၁၄၈)ဦးအတွက် ငွေကျပ် ၃၀ ဒသမ ၈သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၉)ဦး အတွက် ငွေကျပ် ၁ဒသမ ၉သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ(၁၆)ဦး အတွက် ငွေကျပ် ၃ဒသမ ၅သန်း၊ စုစုပေါင်း အသင်းသား ဦးရေ (၁၇၃)ဦး ငွေကျပ် ၃၆ဒသမ ၂သန်းကို ကျေးရွာသူကျေးရွာသားများ လက်ဝယ်အရောက် ထုတ်ချေးပေးအပ်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းသူရထံမှ သိရသည်။
သော်ဇင်အောင်(နတ်မောက်ကျေးလက်)


