ရန်ကုန် ၁၂ နိုဝင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ မြို့နယ်ခန်းမတွင် ဖွင့်လှစ်ထားသော ဖျားနာကုဆေးခန်းသို့ အလှူရှင်များက အလှူငွေများနှင့် ဆက်စပ်ပစ္စည်းများကို ယနေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်စေရန်အတွက် မောင်ဖြိုးထွဋ်အောင်၏ နာမည်ပေးကင်ပွန်းကပ် အလှူအဖြစ် ငွေကျပ်(၁)သိန်း၊ ဒေါ်စန်းစန်းဌေးမှ ငွေကျပ်(၁)သိန်း၊ဒေါ်တင်တင်ဝင်းမှ ငွေကျပ်(၁)သိန်းနှင့် Volunteers For COVID-19 Response-Myanmarမှ Surgical Gowns အစုံ(၂၀၀)နှင့် Chlorine (၅)ပုံး တို့ကို အလှူရှင်များက အသီးသီးလာရောက်လှူဒါန်းရာ အင်းစိန်ဖျားနာကုဆေးခန်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)