ကလေး  ၁၂ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဖားကန့်မြို့နယ် ဝှေခါမြေပြိုရာတွင် ပါဝင်သည့် ကလေးမြို့နယ်နေ ပြည်သူများအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်ထောက်ပံ့ရာတွင် ကလေးခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဒေါက်တာ ထွမ်ခန့်ဆွမ်နှင့် မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက  ဖားကန့်မြို့နယ် ဝှေခါမြေပြိုရာတွင် ပါဝင်သည့် ကလေးမြို့နေ ပြည်သူသုံးဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်ခြောက်သိန်းနှုန်းဖြင့် ပေးအပ် ထောက်ပံ့ရာ သက်ဆိုင်ရာ အိမ်ထောင်စုမှ လက်ခံရရှိကြောင်း သိရသည်။

 

ထန်းဖုန်(ပြန်/ဆက်)