ဆွမ်ပရာဘွမ် ၁၂ နိုဝင်ဘာ

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာလပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီက မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပသည်။

 

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုများကို ဖြေလျှော့နိုင်ရန်ထုတ်ပြန်ထားသည့် “အားလုံးတစ်ပေါင်းတည်း ကျော်လွှားခြင်း ကိုဗစ်-၁၉ စီပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (COVID – 19 Economic Relief Plan-CERP)” ပါ လုပ်ငန်းစဉ်များအရ အခြေခံစားကုန်(၅)မျိုး၊ ထောက်ပံငွေ(၃)ကြိမ်ပေးအပ်ခဲ့ပြီး ယခုအကြိမ် စတုတ္ထအကြိမ် ထောက်ပံ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များက တက်ရောက်လာကြသော မြို့ပေါ် (၃) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားအိမ်ထောင်စု (၃၉) စုအား တစ်အိမ်ထောင်လျှင် ကျပ် ၂၀၀၀ဝ နှုန်းဖြင့် စုစုပေါင်းငွေ  ၇၈၀၀၀ဝ ကို အိမ်ထောင်စုများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။ ကျေးရွာ (၁၂) အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစား အိမ်ထောင်စု(၁၂၆)စုအား ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကုဋေ (ပြန်/ဆက်)