ကြာအင်းဆိပ်ကြီး ၁၂ နိုဝင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသများရှိ ဒေသခံတိုင်းရင်းသားလူများ ပညာရေး ကျန်းမာရေး စီးပွားရေးနှင့် လူမှုရေးကိစ္စရပ်များအား အဆင်ပြေစေရေးအတွက် ကျေးရွာမီးလင်းရေး သန့်ရှင်းသောသောက်သုံးရေများရရှိရေးနှင့် လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး လမ်း တံတားများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စုရန်ပုံငွေ) ကျပ်(၃၄၅.၁၀၀)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် တောင်ကလေး-ဘုရားသုံးဆူ (၅၃/၀)မိုင် လမ်းကြောင်းပေါ်တွင် ဖောက်လုပ်ပြီး မြေသားလမ်း (၂၂/၀) မိုင်အနက် (၁၀/၂) မိုင် ကျောက်ခင်းပြီး ကျန်မြေသားလမ်း(၁၁/၆)မိုင်မှ (၁/၄)မိုင် ကျောက်ခင်းခြင်း လုပ်ငန်းနှင့် ၎င်းလမ်းပေါ်ရှိ ပေ (၅၀) အာစီကွန်ကရစ်တံတား(၂)စင်း တည်ဆောက်မည့် အဆိုပါကျေးရွာသို့ ကြာအင်းဆိပ်ကြီးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ မြို့နယ်တာဝနန်ခံ ဦးထွန်းလင်းဇော်(လ/ထ)ညွှန်မှူးနှင့် ဝန်ထမ်းများက သွားရောက်ကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောက်ခင်းခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်သွားရန် ကျန်ရှိနေသည့် (၁၀/၂)မိုင် လမ်းပိုင်းအား ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေများရရှိအပေါ်မူတည်၍ ဆင်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး ပြန်/ဆက်


