စစ်ကိုင်း ၁၂ နိုဝင်ဘာ
စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ကွင်းအတွင်း အိုးဘိုရပ်ကွက် သံသယလူနာစောင့်ကြည့်ရေးနှင့် အရေးပေါ် သယ်ယူပို့ဆောင်ရေးအဖွဲ့သို့ အလှူရှင်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာ အာဟာရများလှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက နှစ်(၇၀၀)ကွင်းအတွင်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့မိသားစု အနေနဲ့ နှစ်(၇၀၀)ကွင်းထဲမှာရှိတဲ့ ကိုဗစ်-၁၉ သံသယလူနာ စောင့်ကြည့်ရေးနှင့် အရေးပေါ် သယ်ယူပို့ဆောင်ပေးနေတဲ့ အိုးဘိုရပ်ကွက် ပရိတအဖွဲ့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်တဲ့ (PPE)(၂)စုံ၊ (N-95)ခုရေ (၄၀) ရိုးရိုးနှာခေါင်းစည်းဘူး (၈)ဘူး၊ လက်အိတ်(၁)ဘူးနဲ့ အစာအာဟာရ ထမင်းဟင်းဘူး(၄၀) တို့ လာရောက်လှူဒါန်းပေးတာပါ ပထမအကြိမ်လည်းလှူဒါန်းခဲ့ပြီးပါပြီ ဒါဟာ ဒုတိယအကြိမ်လှူဒါန်းတာပါ နောင်လည်း အလျဉ်းသင့်သလို လှူဒါန်းပေးသွားအုံးမှာပါ" ဟု အလှူရှင် ကိုကျော်စွာဝင်းက ပြောပြ၍သိရသည်။
စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ကွင်းတွင် ကိုဗစ်-၁၉ ရောဂါ သံသယလူနာစောင့်ကြည့်ရေးနှင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များသည် အချိန်နှင့်တစ်ပြေးညီ ထားရှိပြီး အရေးပေါ် လူနာများ ပေါ်ပေါက်လာပါက ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ သွားရောက်ခေါ်ဆောင်ကာ သက်မှတ်နေရာများသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်ပြန်/ဆက်


