၁၂ နိုဝင်ဘာ

 

 

စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ စုစုပေါင်း ၄၀,၀၀၀ ကျော်နဲ့ ပိုးတွေ့ရှိသူ စုစုပေါင်း ၁.၄ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ သေဆုံးသူ ၃၄၉ ဦးသေဆုံး တဲ့အတွက် သေဆုံးသူ ၄၀,၁၀၅ ဦးရှိရာ ဉရောပ အတွင်းမှာ စတုတ္ထမြောက် သေဆုံးသူ အများဆုံးအဖြစ် ဗြိတိန်၊ ပြင်သစ်နဲ့ အီတလီတို့ရဲ့ နောက်မှာ ရှိနေပါတယ်။ ၂၄ နာရီအတွင်း ပိုးတွေ့ရှိသူ ၁၉,၀၀၀ ကျော်ရှိရာ စပိန်နိုင်ငံမှာ ပိုးတွေ့သူ စုစုပေါင်း ၁,၄၁၇,၇၀၉ ဦးရှိလာတဲ့ အတွက် ဉရောပသမဂ္ဂ (EU) အတွင်းမှာ ပိုးတွေ့ ဒုတိယ အများဆုံး နိုင်ငံအဖြစ် ပြင်သစ်နိုင်ငံရဲ့ နောက်မှာ ရှိနေပါတယ်။

 

 

စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းအတွင်း သေဆုံသူ အများဆုံးနေ့ဟာ ၄၁၁ ဦး ဖြစ်ပြီး နောက်တစ်ရက်မှာ သေဆုံး ၄၀,၀၀၀ ကျော်တာကို တွေ့ရပါတယ်။

 

 

ဉရောပမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၃ သန်း ကျော်ရှိပြီး သေဆုံးသူ ၃၂၀,၀၀၀ နီးပါးရှိပြီး ဉရောပနိုင်ငံ အများစုမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းကို ထိန်းချုပ်ရန် ရုန်းကန်နေတာကို တွေ့ရပါတယ်။

 

 

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးဟာ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၅၁ သန်းကျော်နဲ့ သေဆုံးသူ ၁.၂ သန်းကျော်ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP

a1