ပွင့်ဖြူ ၁၂ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Covid – 19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များနှင့် စာဖတ်တတ်သူတိုင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် (Online Page)မှ တစ်ဆင့် သုတရသ စာဖတ်အညွှန်း မိတ်ဆက်ခြင်း အစီအစဉ်အား နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ သိရသည်။

 

အဆိုပါ သုတရသစာဖတ်အညွှန်း မိတ်ဆက်ခြင်းအစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် ပူးပေါင်းပြီး မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက် (Online Page)မှ တစ်ဆင့် ပြည်သူများ စာပေအသိပညာ တိုးပွားစေရေးအတွက် ရည်ရွယ် ထုတ်လွှင့်တင်ဆက်ပေးခြင်းကြောင်း သိရသည်။

 

ယနေ့နံနက်ပိုင်းက စာဖတ်အညွှန်းအစီအစဉ်အဖြစ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံ ကျွမ်းကျင် - ၃ ဝန်ထမ်း ဒေါ်အေးအေးနိုင်က ဆရာတော် အရှင်ဇနက(မန္တလေးစာသင်သား) ရေးသားသော “လူငယ်များ ဘဝရဲ့ လက်တွဲဖော် ရွေးချယ်သောအခါ နှင့် ဓမ္မ၊ ရသ၊ အတွေးအမြင်စာစုများ စာအုပ်တွင် ပါရှိသော “အသာစံချင်ရင် အနာခံရမယ် ခေါင်းစဉ်ပါ သိမှတ်ဖွယ်ရာ သုတရသ ဗဟုသုတ စာပေများကို စာပေဝါသနာရှင်များနှင့် မျိုးဆက်သစ်လူငယ်များ လေ့လာဖတ်ရှုနိုင်ရန်အတွက် စာဖတ်အညွှန်း မိတ်ဆက်ခြင်း အစီအစဉ်အဖြစ် မျှဝေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာ တိုးပွားစေရေးအတွက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club) အသင်းနှင့် ပူးပေါင်းပြီး ယခုကဲ့သို့ သုတရသ စာဖတ် အညွှန်း မိတ်ဆက်ခြင်းအစီအစဉ်အပြင် စာအုပ်အညွှန်းမိတ်ဆက်ခြင်း အစီအစဉ်အဖြစ် ပြည်သူများ လေ့လာဖတ်ရှုနိုင်ရန် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကလေးကြိုက်ကဗျာများ အပါအဝင် ဗဟုသုတမျိုးစုံ ရရှိစေသော စာအုပ်ကောင်းများကို မျှဝေမိတ်ဆက်ပေးနေကြောင်း သိရသည်။ ယခုပြုလုပ်သည့် စာဖတ်အညွှန်း မိတ်ဆက်ခြင်း အစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက် (Online Page)မှ တစ်ဆင့် အများပြည်သူ လေ့လာနိုင်ရန် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က ပြောသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)

 

mdn