မြစ်ကြီးနား ၁၂ နိုဝင်ဘာ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသောအခြေခံ အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေအဖြစ် နိုဝင်ဘာ(၁၁)ရက်မှ စတင်၍ အိမ်ထောင်စုများအား လက်ဝယ်အ‌ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာနမှ သိရသည်။

 

မြစ်ကြီးနားမြို့နယ်တွင်း ရပ်ကွက် (၃၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၉)အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၂၃၂၅၂)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေကျပ်စုစုပေါင်း သိန်း(၄၆၅၀)ကျော်အား ကိုဗစ်ကာလအတွင်း စားဝတ်နေ‌ရေးအထောက်အကူဖြစ်စေရန်ရည်ရွယ်၍ စတုတ္ထကြိမ်မြောက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောကြားသည်။

 

အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား လက်ဝယ်အ‌ရောက်ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ပထမအကြိမ်တွင် အခြေခံစားသောက်ကုန် (၅)မျိုး၊ ဒုတိယအကြိမ်၊ တတိယအကြိမ်တို့တွင်လည်း ယခုစတုတ္ထအကြိမ်ကဲ့သို့ ငွေကျပ် (၂၀၀၀၀)စီ ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရသည်။

 

ယော်‌ဆောင်(ပြန်/ဆက်)