ကော့မှူး ၁၂ နိုဝင်ဘာ

ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်‌‌ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခြင်းကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးထက်ဝင်းနှင့် ကိုဗစ် ကော်မတီဝင် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာ တာဝန်ရှိသူများ လိုက်ပါလျက် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျ အခြေခံအိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိသည်။

ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၆၂)အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၂၉၂၅၃ စုအတွက် စတုတ္ထအကြိမ်အဖြစ် နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ကျပ် ၄၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၁၇၀၁၂၀၀၀၀ အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

မောင်အေးချမ်း