ဘားအံ ၁၂ နိုဝင်ဘာ

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ဘားအံမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာလအတွင်း စတုတ္ထအကြိမ်အဖြစ် တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေ ကျပ် ၂၀၀၀၀ စီကို နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ဘားအံမြို့နယ် တော်ပုံကျေးရွာအုပ်စု ဇွဲကပင်တောင်ခြေရှိ အင်းကြင်ဖိုးဘုန်းတော်ကြီးကျောင်းတွင် တော်ပုံကျေးရွာ အုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၁၂)စုအား တစ်အိမ်ထောင်လျှင် ကျပ် ၂၀၀၀၀ နှုန်းစီကိုလည်းကောင်း၊ ရဲသာကျေးရွာအုပ်စု ဉသျှစ်ကုန်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ရဲသာကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၂၂၉)စုအတွက် တစ်အိမ်ထောင်လျှင် ကျပ် ၂၀၀၀၀ နှုန်းစီကိုလည်းကောင်း၊ အမှတ်(၆)ရပ်ကွက်ရုံးတွင် အမှတ်(၆)ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၃၈၃)စုအတွက် တစ်အိမ်ထောင်လျှင် ကျပ် ၂၀၀၀၀ နှုန်းစီကိုလည်းကောင်း ကိုဗစ်-၁၉ ကာလ ထောက်ပံ့ငွေများ ပေးအပ်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)