နေပြည်တော် ၁၃ နိုဝင်ဘာ
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၁၃)ရက်နေ့၊ မြန်မာစံတော်ချိန် (ဝ၉)နာရီ၊ (၄၆)မိနစ်၊ (၃၀) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက်(၁၃၁)မိုင်ခန့်ကွာဝေးသော (ပြင်စလူမြို့၏ အနောက်ဘက် (၂၁)မိုင်ခန့်အကွာ၊ မြန်မာ့ပင်လယ်ပြင်) မြောက်လတ္တီတွဒ် (၁၅.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၇)ဒီဂရီ၊ အနက်(၉၇) ကီလိုမီတာ ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။
Crd-မိုးလေဝသနှင့် ဗလဗေဒညွှန်ကြားမှု ဦးစီးဌာန


