၁၃ နိုဝင်ဘာ
အမေရိကန်နိုင်ငံရဲ့ တတိယ အကြီးဆုံး ချီကာဂိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု များလာတဲ့အတွက် မြို့ခံတွေအား stay-at-home အိမ်မှာပဲနေရန် မြို့တော်ဝန်က ကြာသပတေးနေ့မှာ အကြံပြုလိုက်ပါတယ်။
မြို့တော်ဝန် လိုရီ လိုက်ဖု က မြို့ခံတွေ အနေနဲ့ နိုဝင်ဘာ ၁၆ ရက်နေ့မှစပြီး အိမ်မှာပဲ နေကြရန်၊ အရေးကြီး ကိစ္စများ ဆောင်ရွက်ရန်၊ အလုပ်နဲ့ ကျောင်းသွားရန်မှလွဲပြီး အိမ်မှာပဲနေရန် မြို့တော်ဝန်က အကြံပြုထားပါတယ်။
အခု အကြံပြုချက်ဟာ ချီကာဂို အပါအဝင် ကွက်ကောင်တီမှာ လွန်ခဲ့တဲ့ ၇ ရက် အတွင်းမှာ ပိုးတွေ့ရှိသူဟာ လူဦးရေ ၁၀၀,၀၀၀ မှာ ၉၁.၆ ဦးနှုန်း ပိုးတွေ့ရှိလာကြောင်း ဟားဗတ် ကမ္ဘာ့ကျန်းမာရေး အင်စတီကျူရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် အကြံပြုချက် ထွက်လာတာ ဖြစ်ပါတယ်။
မြို့ခံတွေအား အိမ်မှာ ဧည့်သည် လက်မခံရန်၊ Thanksgiving ပွဲတော် မကျင်းပရန်နဲ့ ခရီးသွားခြင်းပါ မလုပ်ရန် ပြောဆိုထားပါတယ်။
ချီကာဂိုမြို့ တည်ရှိရာ အီလီနွိုင်း ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က ပိုးတွေ့သူ ၁၂,၆၅၇ ဦးနဲ့ သေဆုံးသူ ၁၄၅ ဦး ရှိတဲ့အတွက် ပြည်နယ် အတွင်းမှာ ပိုးတွေ့ရှိသူ စုစုပေါင်း ၅၂၃,၈၄၀ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၁၀,၄၃၄ ဦးရှိကြောင်း သိရပါတယ်။
ပြည်နယ် ဝက်ဆိုဒ်မှာ သီတင်း ၃ ပတ် နေအိမ်မှာ နေထိုင်ရန်၊ အရေးကြီးကိစ္စ ဆောင်ရွက်ရန်၊ အိမ်ကနေ အလုပ်လို့ မရတဲ့ အလုပ်သွားရန်၊ ဗိုင်းရပ်စ် စစ်ဆေးခြင်း၊ ဆေးဝယ်ရန်နဲ့ အစားအသောက် ဝယ်ရန် အတွက်သာ အိမ်အပြင် ထွက်ရန် ရေးသားထားပါတယ်။
အမေရိကန် နိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု တတိယလှိုင်းနဲ့ အဆိုးရွားဆုံး ဗိုင်းရပ်စ်ပိုး ကူးစက်မှုနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ၇ ရက်အတွင်း နေ့စဉ် ပိုးတွေ့ရှိသူ ၁၂၅,၀၀၀ နဲ့ ဆေးရုံတွေမှာ ကုသခံ ၆၅,၀၀၀ ရှိကြောင်း၊ ၇ ရက်အတွင်း နေ့စဉ်သေဆုံးသူ ၁,၀၀၀ ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP