အောင်ပန်း  ၁၃   နိုဝင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှု သင်တန်းကျောင်းကို ၂၀၂၀ နှစ် နိုဝင်ဘာ ၁၂ရက်က ရှမ်းပြည်နယ် စီမံ၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် နှင့်အဖွဲ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

 

"အဆိုပါ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းကို အောင်ပန်းမြို့မှာ Covid-19 ရောဂါကပ်ဘေးကာလအလွန် ဖွင့်လှစ်သွားနိုင်ရန် ပြင်ဆင်ထားမှု အခြေအနေများကို မနေ့ကသွားရောက်စစ်ဆေးခဲ့ပါတယ်၊ အဆင်သင့်ဖြစ်နေပါပြီ၊ ပညာအရည်အချင်း အလယ်တန်းအဆင့်၊ အသက်၃၀ မကျော်တဲ့လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်တော့မည်ဖြစ်ပါတယ်။ သင်တန်း ကာလ ၂၂ ပတ်၊ တစ်နှစ်၂ကြိမ်ခေါ်ယူပါမည်၊ သင်တန်းတစ်ကြိမ်ခေါ်ရင် သင်တန်းသား ၇၅ ယောက် ဖြစ်ပါတယ်၊ နေထိုင်၊ စားသောက်စရိတ်အခမဲ့ပါ။ ဒီလိုကျောင်းမျိုး ရှမ်းပြည်နယ်မှာ ၃ကျောင်း(ကွတ်ခိုင်၊ လောက်ကိုင်၊ အောင်ပန်း)ရှိပါပြီ။ နောက်ထပ်လာရှိုးမြို့မှာ ထပ်မံဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ် စီမံ၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

 

ဇော်သိန်းရည်

 

mdn