၁၃ နိုဝင်ဘာ
ဒိန်းမတ်နိုင်ငံကနေ ဗြိတိန်နိုင်ငံကို လာရောက်မယ့်သူတွေကို ဝင်ခွင့် နောက်ထပ် ၁၄ ရက် တားမြစ်သွားမယ်လို့ ကြာသပတေးနေ့က ကြေညာသွားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကို တားမြစ်ရန် နိုဝင်ဘာ ၇ ရက်နေ့က ပထမအကြိမ် ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ မြွေပါ မွေးမြူရေးခြံနဲ့ လူသားတွေကြားက ဆက်နွယ်မှု တုံ့ပြန်တဲ့အနေနဲ့ နိုဝင်ဘာ ၇ ရက်နေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။
ကျန်းမာရေးဌာနရဲ့ အကြံပြုချက်အရ ဒိန်းမတ်နိုင်ငံမှ လာရောက်ခွင့်ကို နိုဝင်ဘာ ၇ ရက်၊ ၂၀၂၀ ခုနှစ်က ကြေညာခဲ့ပြီး ဖြစ်ပေမယ့် နောက်ထပ် ၁၄ ရက် တိတိ ထပ်တိုးတားမြစ်သွားမှာ ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနက ထပ်မံကြေညာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဒိန်းမတ် ကျန်းမာရေးဌာနရဲ့ ကြေညာချက်မှာ မြွေပါတွေကနေ တစ်ဆင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၂ ဦးရှိကြောင်း ပါရှိပါတယ်။ ဒိန်းမတ် နိုင်ငံတွင်းရှိ မြွေပါ မွေးမြူးရေးခြံတွေရှိ မွေးမြူထားတဲ့ မြွေပါအကောင်ရေ ၁၇ သန်းနီးပါးကို သုတ်သင်ရန် အမိန့်ထုတ်ထားကြောင်း သိရပါတယ်။
ဗြိတိန်နိုင်ငံကို လာရောက်မယ့် ဂရိနိုင်ငံရဲ့ ကျွန်းအချို့မှာ နေထိုင်သူတွေကလွဲပြီး အများစုဟာ ၁၄ ရက်တိတိ သီးသန့်နေထိုင်ရန် အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမယ့် အိုက်စလန်၊ ချီလီ၊ လာအို၊ ကမ်ဘောဒီးယား၊ တက်ခ်နဲ့ ကိုင်ကို့စ်ကျွန်း၊ ဘာရိန်း၊ ကာတာနဲ့ ယူအေအီးနိုင်ငံ တွေကနေ လာရောက်မယ့် သူတွေအား ၁၄ ရက်တိတိ သီးသန့်နေထိုင် မလိုအပ်ကြောင်း ကြေညာချက် အသစ်လည်း မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ကြေညာချက် အသစ်ဟာ စနေနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ ကစပြီး သက်ဝင်မယ်လို့ ဆိုပါတယ်။
MDN
ကိုးကား- AFP