ဘားအံ ၁၃ နိုဝင်ဘာ

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲ ကရင်ပြည်နယ် တိုင်းရင်းသားလူမျိုးလွှတ်တော် မဲဆန္ဒနယ်၏ ရလဒ်အဖြေများကိုထုတ်ပြန်ကြေညာနိုင်ရန် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အသိအမှတ်ပြု လက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွှဲပိုင်းက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

 

ထိုသို့လက်မှတ်ရေးထိုးရာတွင် ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌမန်းကျော်ဝင်းမောင်၊ အတွင်းရေးမှူးဦးမောင်မောင်နိုင်၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တက်ရောက်၍ အသိသက်သေပြု လက်မှတ်ရေးထိုးခဲ့ကြသည်။

 

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဗမာတိုင်းရင်းသားမဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလ ၂ ဦးအပါအဝင် နိုင်ငံရေးပါတီ(၇)ပါတီမှ ကိုယ်စားလှယ်လောင်း ၉ ဦး၊ မွန်တိုင်းရင်းသားမဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလ ၂ ဦးအပါအဝင် နိုင်ငံရေးပါတီ(၅)ပါတီမှ ကိုယ်စားလှယ်လောင်း ၇ ဦး၊ ပအိုဝ်းတိုင်းရင်းသားမဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလ ၄ ဦးအပါအဝင် နိုင်ငံရေးပါတီ(၄)ပါတီမှ ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

mdn