ဖလမ်း ၁၃ နိုဝင်ဘာ
လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့၊ တလန်လိုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ဖလမ်းမြို့ မြို့မရဲစခန်း စခန်းမှူး ဒုတိယရဲမှူး သိန်းဇော်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောသည်။
“ဒီနေ့မှာဆိုရင် ဖလမ်းမြို့၊ တလန်လိုရပ်ကွက်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ပြည်သူ လူထုတွေနဲ့တွေ့ဆုံပြီးတော့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်ပြီး ပညာပေးဟောပြောမှု ပြုလုပ်ခဲ့ပါတယ်။ လူကုန်ကူးမှုကို ပညာပေးဟောပြုလုပ်တဲ့အကြောင်းရင်းဟာ ဒီတလန်လိုရပ်ကွက်ထဲမှာနေတဲ့ ပြည်သူ ပြည်သားတွေ လူကုန်ကူးမှုမခံရအောင်။ လူကုန်ကူးမှုနှင့်ပတ်သက်တဲ့ သမိုင်းကြောင်းတွေ၊ လူကုန်ကူးမှုနှင့်ပတ်သက်တဲ့အချက်အလက်တွေ၊ လူကုန်ကူးမှုနှင့်ပတ်သက်တဲ့ ဉပဒေတွေကို အသေးစိတ်ရှင်းပြရင်းနဲ့ ပြည်သူတွေ နားလည်သဘောပေါက်ရင် ပြည်သူတွေအတွက် အကျိုးရှိမယ်။ အဲလိုပဲ ကျွန်တော်တို့ ရဲတပ်ဖွဲ့အတွက် မှုခင်းတွေကြိုတင်ကာကွယ်နိုင်မယ်။ ဒါရဲတပ်ဖွဲ့ရဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးပညာပေး ပြောဟောပွဲတွေကို အောင်မြင်စွာ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ဒီလိုဟောပြောခြင်းတွေကို မကြာမကြာ ပြုလုပ်ရင်းနဲ့ ပြည်သူတွေကို အသိပညာတွေ ရရှိအောင်၊ ဗဟုသုတတွေရရှိအောင် ကြိုးစားဆောင်ရွက်သွားမယ်” လို့ ဖလမ်းမြို့ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဇော်ကပြောသည်။
အဆိုပါဟောပြောတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်


