ရန်ကုန် ၁၃ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မီးလောင်မူ ၉၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှု တန်ဖိုးမှာ ၉၆၆ သိန်း ၈ သောင်းကျော် ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
အောက်တိုဘာလအတွင်း မီးလောင်မှု အများဆုံးဖြစ်ပွားသည့် ဒေသမှာ မန္တလေးတိုင်ဒေသကြီး ဖြစ်ပြီး ၁၇ ကြိမ်ဖြစ်ပွားခဲ့သည်။ ဒုတိယအများဆုံးဖြစ်ပွားမှုမှာ ရှမ်းပြည်နယ်တွင်ဖြစ်ပြီး ၁၂ ကြိမ်လောင်ကျွမ်းခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးတွင် မီးလောင်မှု ၉ ကြိမ်ဖြစ်ပွားခဲ့သည်။
မီးလောင်ရသည့်အကြောင်းမှာ ပေါ့ဆမီးကြောင့် အများဆုံးဖြစ်ပြီး မီးဖိုမီး၊ အလိုအလျောက် လောင်သည့်မီး၊ လျှပ်စစ်မီး၊ တောမီး၊ မသမာသူရှို့မီးတို့ကြောင့် မီးလောင်မှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် အိမ်ခြေအဆောက်အဦး ၆၇ ခု၊ ဂိုဒေါင် ၃ လုံးပျက်စီးဆုံးရှုံးခဲ့သည့် သေဆုံးသူဦးရေ ၆ ဦး၊ ဒဏ်ရာရရှိသူ ၃၃ ဦးနှင့် မီးဘေးဒုက္ခသည် ၆၇ ဦးရှိကြောင်း သိရသည်။
အောင်သူရ