ကန်ပက်လက် ၁၃ နိုဝင်ဘာ
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ရေခွန်အား ယခင် နှစ်(၁)နှစ်လျှင်(၁)ကြိမ် စည်းကြပ်ကောက်ခံသည့်အစား ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာနှစ်မှ ရေမီတာစနစ်ကျင့်သုံး၍ (၁)ယူနစ်လျှင် ကျပ်(၁၀၀)နှုန်းဖြင့် လစဥ်(၂)လ(၁)ကြိမ် စတင်ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါရေမီတာစနစ်ကျင့်သုံးနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ်သန်း (၁၅.၀၀၀)ဖြင့် ရေမီတာအလုံး(၁၀၀၀)ကိုတပ်ဆင်ခဲ့ကြပြီးနောက် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်၍ စတင်ကောက်ခံရန်အတွက် ဆောင်ရွက်ကြရာ ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ အတည်ပြုပြီးဖြစ်ကြောင်း သိရသည်။
ကန်ပက်လက်မြို့တွင်းရေဖြန့်ဝေရေးအတွက် ရေထွက်ပင်ရင်း(၄)နေရာမှ အဆင့်ဆင့်ဖြန့်ဝေးပေးလျက် ရှိကြောင်း၊ ရေမီတာအရ (၁)ယူနစ်လျှင် ရေပမာဏ(၂၆၄)ဂါလန်ရှိကြောင်းနှင့် မိမိတို့အသုံးပြုသည့် ရေပမာဏအတိုင်းရေခွန်ပေးဆောင်ရမည်ဖြစ်၍ ဖြုန်းတီးမှုများကို အလိုလိုလျော့ချပေးမည်ဖြစ်ပြီး မိမိတို့စည်ပင်သာယာရေးအဖွဲ့အနေဖြင့်လည်း ရသင့်သည့်အခွန်များကို ရရှိလာမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိဦးအေးကိုကပြောသည်။
ကိုလိန်း(ပြန်/ဆက်)


