ဝိုင်းမော်    ၁၄     နိုဝင်ဘာ 

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စတုတ္ထအကြိမ်မြောက် နိုင်ငံတော် အစိုးရမှ ထောက်ပံ့ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော ရပ်ကွက်/ကျေးရွာ အခြေခံ လူတန်းစားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကိုနိုဝင်ဘာ ၁၃ ရက် နံနက် ၁၀နာရီက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မဒိန်၊ နန့်ဝါ၊ ဝူယန်၊ ဝါရှောင်ကျေးရွာရှိ တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀ဝ၀ဝ)နှုန်းဖြင့် အိမ်ထောင်စု (၁၈၇၄)စုအတွက် စုစုပေါင်း ငွေကျပ် ၃၇၄၈၀ဝ၀ဝ  ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ် မှူးများက အိမ်တိုင်ရာရောက်လိုက်လံပေးအပ်ခဲ့ကြောင်းနှင့် ထောက်ပံ့ပေးအပ်ရန် ကျန်ရှိသော ရပ်ကွက်/ ကျေးရွာအိမ်ထောင်စု(၅၅၇၂)စုအတွက် ငွေကျပ်(၁၁၁၄၄၀ဝ၀ဝ) ကိုလည်း အိမ်တိုင်ရာရောက် ထောက်ပံ့သွားမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ကာလမှာ နိုင်ငံတော်မှယခုလို ငွေကြေးထောက်ပံ့မူအတွက်အထူးပင်ဝမ်းသာမိကြောင်း၊ မြန်မာ နိုင်ငံအတွင်းရှိ ပြည်သူပြည်သားများအားလုံး ကိုဗစ်-၁၉ ရောဂါ ကင်းဝေးပါစေလိုကြောင်းကို ပြည်သူ တစ်ဦးမှ ဆုတောင်းစကားပြောကြားခဲ့သည်။

 

ခိုင်သက်မွန်(ပြန် /ဆက်)