လှိုင်းဘွဲ ၁၄ နိုဝင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အိမ်ထောင်စု ၂၀၂ စု၊ လူဦးရေ ၁၁၉၇ဦးတို့အား အကျိုးပြုနိုင်မည့် ဥဒေါင်းကျေးရွာအုပ်စု ဥဒေါင်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းလုပ်ငန်းကို ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၁၂ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေကျပ် ၁၈,၀၀၀,၀၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည်ပေ ၁၂၀၀ x အကျယ် ၁၂ပေ x ထု ၆လက်မ)တို့ဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့တို့ ၏ စနစ်တကျလမ်းညွှန်မှု၊ လက်ထောက်နည်းပညာမှူး ဒေါ်ဇင်မာမျိုးဇော်၊ လူထုစည်းရုံးရေးမှူး မန်းထွန်းထွန်းထက် တို့၏ အနီးကပ်ကြီးကြပ်မှူးနှင့် ကျေးရွာသူ/ကျေးရွာသားတို့၏ ပူးပေါင်း ပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


