၁၄ နိုဝင်ဘာ

အီတလီနိုင်ငံတောင်ပိုင်းရှိ နေဘဲလ်စ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု များလာတဲ့အတွက် ဆေးရုံမှာ နေရာအကန့်အသတ် ဖြစ်လာသောကြောင့်  ပိုးတွေ့လူနာတွေအား မိမိတို့ကားထဲမှာပဲ နေထိုင်စေပြီး ကုသပေးခြင်းတွေကို သောကြာနေ့က လုပ်ဆောင်ခဲ့ရကြောင်း သိရပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်မှုများနေတဲ့ နေဘဲလ်စ် နဲ့ ပတ်ဝန်းကျင်ဒေသကို အနီရောင်ဇုန်အဖြစ် သောကြာ ည ကစပြီး သတ်မှတ်ကြောင်း၊ အဲဒီလိုသတ်မှှတ်မှုနဲ့အတူ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ပါရှိလာရန် မျှော်လင့်ကြောင်း ကျန်းမာရေးဝန်ကြီး ကပြောပါတယ်။

နေဘဲလ်စ်မြို့တော်ဝန်က စီးပွားရေးအရ ကူညီမှုပေးရန်၊ ပြီးခဲ့တဲ့လကစပြီး သိပ်မတင်းကျပ်တဲ့ တားမြစ်တွေ လုပ်ဆောင်ချိန်က စပြီး ဆန္ဒပြမှုတွေ ဖော်ဆောင်နေတဲ့အတွက် မြို့ခံတွေအတွက် အကူညီပေးရန် ဗဟိုအစိုးရကို တောင်းဆိုထားပါတယ်။

နေဘဲလ်စ်ရှိ ကော့တူနို ဆေးရုံမှာ လူနာတွေ များပြားလွန်းတဲ့အတွက် ပိုးတွေ့လူနာတွေအား မိမိတို့ ကားပေါ်မှာပဲ နေထိုင်ရန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေက အောက်ဆီဂျင်စက်တွေကို သယ်ဆောင် လာပြီး ကားပေါ်မှာပဲ ကုသပေးနေတာကိုတွေ့ရပါတယ်။

ကော့တူနိုဆေးရုံရဲ့ ကူးစက်ရောဂါဌာနမှ အကြီးအကဲက ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေအတွက် အချိန်ယူကုသပေးရမှာ ဖြစ်ပေမယ့် ဆေးရုံမှာ ကုတင်မလုံလောက်တော့အတွက် သူနာပြုတွေဟာ လူနာတွေကို ကားပေါ်အထိ သွားရောက်ကုသပေးနေတာကို မြင်ရာတာ ဂုဏ်ယူကြောင်း ပြောပါတယ်။

အီတလီနိုင်ငံမှာ ၂၄ နာရီအတွင်းဗိုင်းရပ်စ်ပိုး ကူးစက်မှု ၄၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၅၀၀ ကျော်ရှိခဲ့ကြောင်း သောကြာနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

MDN

ကိုးကား - AFP