၁၄  နိုဝင်ဘာ 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်မြောက် မည်ဖြစ်သော ကြောင့် ရန်ကုန်တက္ကသိုလ်၏ နှစ် ၁၀၀ ပြည့်အကြို အထိမ်းအမှတ်အစီအစဉ်များကို ကျင်းပလျက်ရှိသည်။

ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာကိုထိန်းသိမ်းပြီးမြှင့်တင်ရန် အဓိက ဦးတည်ချက်များ၏ စွမ်းဆောင်မှုများကို ဖော်ထုတ်ခြင်း တက္ကသိုလ်၏ ထင်ရှားကျော်ကြားခဲ့သောပုံရိပ်များကို အောက်မေ့သတိရရန် နှင့် ရန်ကုန်တက္ကသိုလ်၏ အောင်မြင်မှုများကို အတုယူရင်း ပညာရေးအဆင့်အတန်း မြှင့်တင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ နောက်ဆုံး Final ပွဲစဉ်ရိုက်ကူးမှုကို နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Studio တွင်ပြုလုပ်ခဲ့သည်။

Final ပွဲစဉ်ရိုက်ကူးမှုအပြီးတွင် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ရမှတ် ၂၅ မှတ်ဖြင့် တောင်ငူအဖွဲ့မှပထမ၊ ရမှတ် ၂၂ မှတ်ဖြင့် ရာမညအဖွဲ့မှဒုတိယ၊ ရမှတ် ၂၁ မှတ်ဖြင့်ဒဂုံအဖွဲ့မှတတိယ၊ ရမှတ် ၁၆ မှတ်ဖြင့် ပဲခူးအဖွဲ့မှနှစ်သိမ့်ဆုများ အသီးသီးရရှိကြကြောင်း သတင်းရရှိသည်။

ရန်ကုန်သတင်းဌာနခွဲ