လှိုင်းဘွဲ ၁၅ နိုဝင်ဘာ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့သော ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က ကျေးရွာများအရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း၊ ဒုတိယဦးစီးမှူး ဦးနေလင်းထက်တို့ လိုက်ပါလျက် လှိုင်းဘွဲမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများဖြစ်သော အင်းနို့သိပ္ပံကျေးရွာ အိမ်ထောင်စု(၁၁၁၁)စု၊ မြလေးကျေးရွာအိမ်ထောင်စု(၁၈၅)စု၊ ကိုမောင်ကျေးရွာ အိမ်ထောင်စု(၃၀၀)၊ တခွက်ဖိုးကျေးရွာ အိမ်ထောင်စု(၁၁၉)စု၊ ကမော့လဲကျေးရွာ အိမ်ထောင်စု(၁၀၄)စု၊ မအဲကျေးရွာ အိမ်ထောင်စု (၂၀၆)စုတို့ကို တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ပြည်သူများ လက်ဝယ် အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


