လေရှီး ၁၅ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက် ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စု ၂၇၈၉ စုအား တစ်အိမ် ထောင်လျှင် ငွေကျပ် ၂၀ဝ၀ဝ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ပြီးစီပြီဖြစ်ပါကြောင်း ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးဝင်းနိုင်မြင့်က ပြောကြားသည်။
ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထား သော ကိုဗစ်ကာလ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများမှ ရပ်ကွက် ၅ ခု နှင့် ကျေးရွာ ၁၉ အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု ၂၇၈၉ စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀,ဝ၀ဝ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၅၅,၇၈၀,ဝ၀ဝ ကို သက်ဆိုင်ရာ ကျေးရွာများ အလိုက် လက်ဝယ်အရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။
မွှေးကြူဇင်


