ချီဖွေ ၁၅ နိုဝင်ဘာ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ  ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စု(၂၂၄၁)စု တို့အတွက် နိုင်ငံတော်က စတုတ္ထအကြိမ်အဖြစ် အိမ်ထောင်တစ်စုလျှင်ငွေ ကျပ်၂၀၀၀ဝ စီကို ယမန်နေ့နံနက်(၉)နာရီက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ချီဖွေမြို့နယ်အတွင်း မြို့ပေါ်(၃)ရပ်ကွက်၊ ပန်ဝါမြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၉)အုပ်စုတို့ရှိ  အိမ်ထောင်စုပေါင်း(၂၂၄၁)စုအတွက် တစ်အိမ်ထောင် ကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ၄၄၈၂၀၀၀ဝကျပ်အား ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကျေးစာရေးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နှင့်အညီ ထောက်ပံ့ပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေထံမှ သိရှိရသည်။

 

နန်းမြင့်(မြို့နယ်ပြန်/ဆက်)