ကော့မှူး ၁၅ နိုဝင်ဘာ
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Stay At Home သတ်မှတ် ထားစဉ် ကာလအတွင်း သီလရှင် ဆရာလေးများ ဆွမ်းကိစ္စအစဉ်ပြေစေရန်အတွက် စန္ဒဘယဆေးမိသားစုမှ ဦးဆောင်ပြီး တိုင်းရင်းဆေးမိသားစုများ၊ မေတ္တာပြည့်ဝ သာသနာပြုအသင်း၊ နှစ်ဦးဓမ္မသဘင် အလှူရှင် မိသားစုများနှင့် တိုင်းကြက်ခြေနီ အသင်းတို့ စုပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့မရပ်ကွက်ရှိ ပညာသိင်္ဂီသီလရှင် စာသင်တိုက်သို့ ဆွမ်းဆန်စိမ်းနှင့်စားသောက်ကုန်များ ဆပ်ကပ် လှုဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့လှုဒါန်းရာတွင် ကော့မှူးမြို့နယ် ပညာသိင်္ဂီသီလရှင်စာသင်တိုက်အတွက် ဆန်(၁)အိတ်၊ ဆီ(၁၀)ပိသာ၊ ဆား(၁)အိတ်၊ ဆေးမျိုးစုံလက်သန့်ဆေး /Mask(၁)အိတ်၊ကုလားပဲ(၁၅)ပိသာ၊ အားလူး (၁၅)ပိသာ၊ ခေါက်ဆွဲခြောက်(၃) ဖာ၊ကော်ဖီမစ်(၃)ပါကင်၊ ကြက်သွန်နီ(၁၅)ပိသာ စုစုပေါင်း အခြေခံ ပစ္စည်း(၉)မျိုး နှင့်တိုင်းရင်းဆေးဝါး တို့အားသီလရှင်ဆရာကြီးများထံ ဆပ်ကပ်လှုဒါန်းပေးခဲ့ရာ လှုဒါန်းမှုအစုစုအတွက် သီလရှင်ဆရာကြီးများက သာဓုအနုမောဒနာတရာများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကော့မှူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၃)ကျောင်းတို့အား ဆက်လက်လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူထံမှ သိရသည်။
ကျော်သူရ ကော့မှူး


