ပင်လည်ဘူး ၁၅ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကျွန်တော်များ ကမ်းလက် အလှူရှင်များအဖွဲ့မှ ကိုဗစ်-၁၉ ကာလ ကျေးရွာများတွင် စားသောက်ရေး အခက်အခဲဖြစ်နေသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၅၀)နှင့် သက်ကြီး ဘိုးဘွားများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို နိုဝင်ဘာ ၁၄ ရက်က ကျေးရွာများသို့ သွားရောက်ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသက်နောင်၊ မြို့မိမြို့ဖ ဦးတင်ဦးတို့ ဦးဆောင်ပြီး ကျွန်တော်များ ကမ်းလက် အလှူရှင်အဖွဲ့နှင့်အတူ ပင်လည်ဘူးမြို့နယ် အတွင်းရှိ သဒွတ်ကုန်း ကျေးရွာအုပ်စု၊ သဒွတ်ကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ စင်းကွယ်ကျေးရွာနှင့် နောင်မူး ကျေးရွာအုပ်စု၊ သင်ပေါင်းကျင်း ကျေးရွာ၊ အုန်းပြင်ကျေးရွာ၊ နောင်မူးကျေးရွာ၊ ကြိုးကြာဝင်းကျေးရွာ၊ နောင်ရင်းကျေးရွာနှင့် ကျောက်ဦး ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၅၀)စုအား အိမ်ထောင်စု(၁)စုလျှင် ဆန်(၅)ပြည်၊ ဆီ(၂၅)ကျပ်သား၊ ဆား(၂၅)ကျပ်သား၊ ကြာဇံ(၁၀)သား၊ ဆပ်ပြာမှုန့်(၂)ထုတ်နှင့် ခေါက်ဆွဲခြောက် (၃)ထုတ်စီ တို့ကိုလည်းကောင်း၊ သက်ကြီးဘိုးဘွား (၁၃)ဦး အတွက် (၁)ဦးလျှင် ဆန်(၂၄)ပြည်ပါ(၁)အိတ်၊ ဆီ(၁)ပိသာ၊ မှုန့်ပုံး (၁)ပုံး၊ ဆား(၂၅)ကျပ်သား၊ ကြာဇံ (၁၀)သား၊ သွားတိုက်ဆေး၊ သွားတိုက်တံ(၁)စုံ၊ အမွေးတိုင်(၁)ထုတ်နှင့် အလှူငွေကျပ် (၂၈၀၀၀)နှုန်းဖြင့် စုစုပေါင်းလှူဒါန်း ငွေ(၁၂၉၈၀၅ဝိ/)ကျပ်အား အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


