ကသာ   ၁၅  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ လျှပ်စစ်ကုန်းရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ကြေးငွေများကို  နိုဝင်ဘာလ(၁၄)ရက်က တာဝန်ရှိသူများက ၎င်းတို့၏ အိမ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကသာမြို့နယ်၊ လျှပ်စစ်ကုန်းရပ်ကွက်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၅၈)စုရှိပြီး အဆိုပါအိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ကြေးငွေများကို အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀ဝ၀ဝ) နှုန်းဖြင့် စတုတ္ထအကြိမ်အဖြစ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် တာဝန်ရှိသူများက အိမ်အရောက် သွားရောက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုပေါင်း (၁၃၂၂၅)စုရှိပြီး အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ (၂၀ဝ၀ဝ)ကျပ်နှုန်းဖြင့် ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်ပေါင်း(၂၆၄၅)သိန်း ရှိကြောင်း ကသာမြို့နယ် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရှိရသည်။

 

ရဲအောင်(ကသာ)