မြောင်းမြ ၁၅ နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းမှစ၍ တစ်ပြိုင်နက်တည်း သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၂၉၃၅၁) တို့အတွက် တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၅၈၇,၀၂၀,၀၀၀)ကို မြို့ပေါ် (၁၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၈)အုပ်စုတို့သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများက တိုက်နယ်အလိုက် ကျေးရွာများသို့ တစ်ပြိုင်နက် ကွင်းဆင်းပြီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)