၁၅ နိုဝင်ဘာ
မက္ကဆီကိုနိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူ ၅,၈၆၀ ဦးရှိကြောင်း စနေနေ့က ထုတ်ပြန်ချိန်မှာ ရောဂါပိုးတွေ့ရှိသူ ၁ သန်း ကျော်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပိုးတွေ့ရှိသူ ၁,၀၀၃,၂၅၃ ဦးနဲ့ ရောဂါပိုးကြောင့် သေဆုံး ၉၈,၂၅၉ ဦးကြောင်း ပါရှိပါတယ်။
မက္ကဆီကိုနိုင်ငံဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးဒဏ်ခံရတဲ့ စတုတ္ထမြောက်နိုင်ငံအဖြစ် အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ နောက်မှာ ရှိနေပါတယ်။
အစိုးရက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်တားမြစ်နိုင်ရန် မတ်လ ၂၃ ရက်ကစပြီး နိုင်ငံကို အသွားအလာပိတ်ဆို့ (lockdown) အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အရေးကြီး ပစ္စည်းထုတ်လုပ်မှု၊ ရောင်းချမှုနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို လည်ပတ်ခွင့်ရှိနေပါတယ်။ အမိန့်ကို မလိုက်နာသူတွေကိုလည်း ပြစ်ဒဏ်ချမှတ်မှု မရှိကြောင်း သိရပါတယ်။
မက္ကဆီကိုစီးတီးမြို့တော်ဝန်က ဘားတွေ ၁၅ ရက်တိတိပိတ်ရန်၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံနဲ့ အားကစားခန်းမတွေကို စောစောပိတ်ရန် သောကြာနေ့က ညွှန်ကြားလိုက်ပါတယ်။ နေ့စဉ်ပိုးတွေ့ရှိသူဟာ ၁၀,၀၀၀ လောက်အထိ ရောက်ရှိနိုင်ကြောင်း မြို့တော်ဝန်က သတိပေးပြောကြားပါတယ်။
မက္ကဆီကိုစီးတီးဟာ အောက်တိုဘာလလယ်ကစပြီး ပိုးကူးစက်ရာ ဗဟိုချက်ဖြစ်နေခဲ့ပါတယ်။
MDN
ကိုးကား - AFP