၁၅ နိုဝင်ဘာ

ဩစတြီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းကို ထိန်းချုပ်ရန် ကျောင်းတွေနဲ့ အရေးမကြီးတဲ့ ပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေပိတ်ရန် အစိုးရအဖွဲ့က ဆုံးဖြတ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဝန်ကြီးချုပ်က အခုထုတ်ပြန်တဲ့အမိန့်ဟာ လာမယ့် အင်္ဂါနေ့ကစပြီး ဒီဇင်ဘာ ၆ ရက်နေ့အထိ အကြုံးဝင်မှာဖြစ်ပြီး လာမယ့်သီတင်းပတ်တွေမှာ တစ်ဦးနဲ့ တစ်ယောက်နဲ့ တွေ့ဆုံခြင်းဟာ အများကြီးနဲ့တွေ့သလိုမျိုး ဖြစ်သွားနိုင်တဲ့အတွက် လူတွေ တစ်ဦးနဲ့တစ်ဦး မတွေ့ဆုံရန် အကြံပြုထားပါတယ်။

အစားအစာဆိုင်တွေ၊ ဆေးဆိုင်တွေ၊ ဘဏ်တွေနဲ့ စာတိုက်တွေကိုတော့ ဖွင့်ခွင့်ပြုမှာ ဖြစ်ပါတယ်။

အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေကတော အွန်လိုင်းကနေ သင်ကြားနေပြီးဖြစ်ရာ မူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်းတွေကိုပါ အွန်လိုင်းကနေသင်ကြားရန် ညွှန်ကြားထားပါတယ်။

မြို့တော် ဗီယားနားမှာ နိုဝင်ဘာလဆန်းကစတင်ကာ ညမထွက်ရအမိန့်ချမှတ်ထားပြီး စားသောက်ဆိုင်တွေ၊ ပြတိုက်၊ ကဇာတ်ရုံတွေနဲ့ အားကစားခန်းမတွေကို ပိတ်ထားရန် အမိန့်ချမှတ်ထားပါတယ်။

လူဦးရေ ၈ ဒသမ ၈ သန်း နေထိုင်တဲ့ ဩစတြီးယားနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ပထမလှိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်ပေမယ့် ဒုတိယလှိုင်းဖြစ်ချိန်မှာ ပိုးတွေ့သူများလာတာကို တွေ့ရပါတယ်။ သောကြာနေ့က ပိုးတွေ့ရှိသူ ၁၀,၀၀၀ ရှိပြီး စနေနေ့မှာတော့ ၇,၀၀၀ ဦးကြောင်း သိရပါတယ်။

အောက်တိုဘာလအတွင်းမှာ ပို့တွေ့ရှိသူဟာ ၁,၀၀၀ ခန့်သာရှိခဲ့ပါတယ်။ လက်ရှိချိန်မှာ အရေးပေါ်ကုသဆောင်ရဲ့ ခုတင် ၂,၀၀၀ မှာ ၅၆၇ ခုတင်ဟာ လူနာတွေကို လက်ခံကုသနေရကြောင်း သိရပါတယ်။

ဩစတြီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံး ၁,၇၀၀ ကျော်ရှိပြီး ပိုးတွေ့သူ စုစုပေါင်း ၂၀၃,၉၅၆ ဦး ရှိကြောင်းသိရပါတယ်။

MDN

ကိုးကား - AFP